ဂျပန်ပညာသင်အတွေ့အကြုံအင်တာဗျူး (Part-2)

【SCHOOL】
ဂျပန်ပညာသင်အတွေ့အကြုံအင်တာဗျူး (Part-2)

JAPAN LINK မှ ဂျပန်နိုင်ငံတွင်နေထိုင်နေကြသော မြန်မာလူမျိုး ကုမ္ပဏီဝန်ထမ်းများနှင့်ကျောင်းသားများကို ပညာသင်အတွေ့အကြုံ များနှင့်ပတ်သက်၍ မေးမြန်းပြီး အခန်းဆက်အပိုင်းများအနေဖြင့် တင်ပြသွားမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကောင်းတဲ့အချက်တွေပဲ မဟုတ်၊နေထိုင်မှုဆိုင်ရာ ပြဿနာများနှင့် တွေ့ကြုံခက်ခဲခဲ့တဲ့ အကြောင်းအရာများကိုအင်တာဗျူးသွားမှာဖြစ်ပါတယ်။
အနာဂတ်မှာ ဂျပန်ကိုလာမယ့်တဲ့သူတွေအတွက် ဗဟုသုတဖြစ်စေကြောင်း ရည်ရွယ်ထားတဲ့အတွက်ကြောင့် နောက်ထပ် အင်တာဗျူးတွေကို ကြိုးစားပြီးတင်သွားပါမယ်။
မိတ်ဆက်
○အကို့ နာမည်ဘယ်လိုခေါ်ပါသလဲ။
◉ချစ်ကို(ခ)ကိုကို ပါ။
○ ပညာအရည်အချင်းကိုပြောပြပေးလို့ရမလား။
◉ပညာအရည်အချင်း - B.Sc Physics
○ အခု ဘယ်မှာအလုပ်လုပ်နေပါသလဲ။
◉အခု - ကိုယ်ပိုင်လုပ်ငန်း(စကားပြန်၊ဘာသာပြန်)
ကုမ္ပဏီလုပ်ငန်း - PFOW Services Co.,Ltd ပါ။
○ဂျပန်ကိုဘယ်တုန်းကရောက်တာပါလဲ။
◉ဂျပန်ကို ၁၃.၁၁.၂၀၀၈တုန်းကရောက်တာပါ။
○ ဂျပန်မလာခင်တုန်းက ဂျပန်စာကို ဘယ်မှာသင်ယူခဲ့ပါသလဲ။
◉ဂျပန်မလာခင်တုန်းက ဂျပန်စာကို win Japanese language school မှာသင်ယူခဲ့ပါတယ်။
○ ဂျပန်ကိုလာပြီးနောက်ကျောင်းသားဘဝကအခက်အခဲဖြစ်ခဲ့တာတွေရှိပါသလား။
◉ဂျပန်ကိုလာပြီးနောက်ကျောင်းသားဘဝကအခက်အခဲဖြစ်ခဲ့တာတွေ- အချိန်ပိုင်းအလုပ်တအားလုပ်ပြီး စာကိုအားမစိုက်နိုင်တာတွေ၊စကော်လာရဖို့ခက်ခဲတာတွေရှိခဲ့ပါတယ်။
○ ဂျပန်မှာ နေထိုင်မှုနဲ့ပတ်သတ်ပြီး အခက်တွေ့ရတာကဘာပါလဲ။
◉ဂျပန်မှာ နေထိုင်မှုနဲ့ပတ်သတ်ပြီး အခက်တွေ့ရတာကထွေထွေထူးထူးမရှိပါ။
○ ဂျပန်ကိုပညာသင်ဖို့လာတဲ့အခါမှာပြင်ဆင်လာရမယ့် အရာတွေကဘာတွေပါလဲ။
◉ ဂျပန်ကိုပညာသင်ဖို့လာတဲ့အခါမှာပြင်ဆင်လာရမယ့် အရာက အဓိက ဂျပန်စာရယ်၊ကိုယ့်နိုင်ငံအကြောင်းကိုမှန်မှန်ကန်ကန်ရှင်းပြ တတ်အောင် အရင်ဆုံး ကိုယ်ကိုယ်တိုင်လည်း သိထားဖို့ပြင်ဆင်ထားသင့်ပါတယ်။
○ဂျပန်ကိုပညာသင်အဖြစ်ရောက်လာပြီး ဘာတွေ အကျိုးရှိတယ်လို့ ထင်ပါသလဲ။
◉ ဂျပန်ကိုပညာသင်အဖြစ်ရောက်လာပြီး ကိုယ့်နိုင်ငံရဲ့ဘောင်အတွင်းကနေထွက်ကြည့်လိုက်ရတဲ့အခါ မြင်ရသမျှ သူများနိုင်ငံတွေနဲ့မတူတာတွေအားလုံးကို သိခွင့်ရလိုက်ခြင်းဟာအကျိုးရှိတယ်လို့ ထင်ပါတယ်။
◯ဂျပန်ကိုပညာသင်အဖြစ်ရောက်ရှိပြီးမြန်မာပြည်မှာဒါတွေပြင်ဆင်ခဲ့ရအကောင်းသားလို့ တွေးမိတာရှိပါသလား။
◉ဂျပန်ကိုပညာသင်အဖြစ်ရောက်ရှိပြီးမြန်မာပြည်မှာဒါတွေပြင်ဆင်ခဲ့ရအကောင်းသားလို့ တွေးမိတာကတော့ ဂျပန်နိုင်ငံနဲ့ပါတ်သက်တဲ့သတင်းတွေ ဒီနိုင်ငံအကြောင်းတွေကိုများများလေ့လာထားထားခဲ့သင့်တယ်လို့ထင်ပါတယ်။
○အနာဂတ်အတွက် အိပ်မက်ကဘာပါလဲ။
◉အနာဂတ်အတွက် အိပ်မက်က မြန်မာပြည်မှာ လက်ရှိအလုပ်အကိုင်တစ်ခုကိုအောင်မြင်အောင်လုပ်မယ် အိမ်ထောင်ပြုမယ် မိသားစု တစ်ခု တည်ထောင်မယ် ရိုးရိုးလေးပါပဲ။
◯မြန်မာပြည်ကလာမယ့်ကျောင်းသားတွေအတွက်လက်ဆောင်စကားလေးရှိရင်ပြောပေးပါ။
◉ မြန်မာပြည်ကလာမယ့်ကျောင်းသားတွေအတွက်လက်ဆောင်စကားကတော့ နောက်ငါးနှစ်ဖြစ်ဖြစ် ၇ နှစ်ဖြစ်ဖြစ် ကာလတစ်ခုကြာရင်မိမိဘယ်အနေအထားမှာရှိနေနိုင်တယ် ရှိနေချင်တယ်ဆိုတာကို စဉ်းစားပြီးလာကြပါလို့။
                            【Interview by JAPAN LINK)】

0コメント

  • 1000 / 1000