My Number အကြောင်းသိကောင်းစရာ


【LIVING】
My Number အကြောင်းသိကောင်းစရာ
My number system သည် ဂျပန်တွင်နေထိုင်ကြသူများအားလုံး(နိုင်ငံခြားသားများအပါအဝင်) လူတစ်ဦးတစ်ယောက်ချင်းစီ ကိုင်ဆောင်ရမည့် ဂဏန်းနံပါတ် (၁၂)လုံးပါ ကဒ် စနစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိမှတ်ပုံတင်ကဒ်ပြားကဲ့သို့ မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားအနေနဲ့ သက်သေခံကဒ်ပြားအဖြစ်အသုံးပြုနိုင်သည့်အပြင်မိမိတို့နေထိုင်ရာဒေသအသီးသီးရှိ လူမှုလုံခြုံရေး၊အခွန်နှင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရန်စီမံချက် အစရှိသဖြင့် လိုအပ်သည့် အချိန်မျိုးတွင် လည်းကောင်း၊စာရွက်စာတမ်းများတရားဝင်ထုတ်ယူခြင်းတွင်လည်းကာင်း (ဥပမာ-နေထိုင်ကြောင်းထောက်ခံစာJuuminhyoo၊ဗီဇာသက်တမ်းတိုး၊ပင်စင်နှင့်ထောက်ပံ့ကြေးငွေလျှောက်ထားခြင်း)တို့တွင် အသုံးပြုနိုင်သည်။
နိုင်ငံခြားသားများအနေဖြင့် နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးခြင်း၊အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားပြောင်းလဲမှု လျှောက်ထားရာတွင် အများပြည်သူနှင့်သက်ဆိုင်သည့် ဝင်ငွေခွန်ကိုဆောင်ထားပြီးရန်မှာ လိုအပ်ချက် ဝတ္တရားတစ်ခု ဖြစ်ပါသည်။
ယခုနောက်ပိုင်း အထက်ပါကိစ္စများနှင့်ပတ်သတ်၍ လျှောက်လွှာတင်သည့်အခါမှာ အခွန်နှင့် (Shakaihoken) အများပြည်သူအားလုံးဆောင်ရမယ့်အာမခံကြေးတွေကိုပေးဆောင်ထားခြင်းရှိ၊မရှိ ဆိုတဲ့အခြေအနေကို အလိုအလျောက်စနစ်နဲ့ သေချာအောင်စစ်ဆေးခံရဖို့ဖြစ်နိုင်ချေများပါတယ်။
အကယ်၍ အထက်ပါအခွန်များနှင့် အာမခံကြေးများကို ပေးဆောင်ထားခြင်းမရှိပါက လဝကရဲ့ စီစစ် စစ်ဆေးသည့်အချိန်မှာ လွယ်လွယ်ကူကူ မဖြစ်လာရတဲ့အကြောင်းရင်းတစ်ခု ဖြစ်လာချေ များတဲ့အတွက်ကြောင့် အခွန်နဲ့အာမခံကြေးများကို ယခုမှစပြီး သေသေချာချာပေးသွင်းဖို့လိုအပ်ပါတယ်။
ထို့အပြင် မိမိတို့၏ ဝင်ငွေကို သိနိုင်တဲ့အတွက် ခွင့်ပြုချက်ထက်ပို၍ အချိန်ပိုင်းအလုပ်စသည်များ ကိုလုပ်ကိုင်နေပါကလဝကဆီ သတင်းရောက်သွားနိုင်ချေရှိပါတယ်။
ယခင်ကထက်ပို၍ နိုင်ငံခြားသားများအနေဖြင့် အလုပ်နှင့်ပတ်သတ်ရာတွင် သတ်မှတ်ထားသောဘောင်ကိုကျော်လွန်၍နေထိုင်ခြင်း ၊ အလုပ်လုပ်ခြင်းများကို အတတ်နိုင်ဆုံး မလုပ်မိစေရန်သတိထားဖို့လိုအပ်ပါတယ်။
ဓါတ်ပုံထဲမှာမြန်မာလိုရှင်းပြထားသည်ကို ဖတ်ရှု့နိုင်ပါသည်။
(မှတ်ချက်- Cabinet office , Government of Japan ရဲ့ထုတ်ပြန်ချက်ဖြစ်ပါသည်,စာရေးသူ၏ အာဘော်မဟုတ်ပါ)
မြန်မာပြည်မှ ဂျပန်သို့သွားရောက်ရန်ရည်ရွယ်နေသူများသတိထားနိုင်စေရန် share လုပ်ပေးခြင်းဖြင့် လက်ဆင့်ကမ်း အသိပေးကြပါ။

Credit to Cabinet Office,Government of Japan

0コメント

  • 1000 / 1000