ဂျပန်ပညာသင်အတွေ့အကြုံအင်တာဗျူး (Part-1)


【SCHOOL】
ဂျပန်ပညာသင်အတွေ့အကြုံအင်တာဗျူး (Part-1)
JAPAN LINK မှ ဂျပန်နိုင်ငံတွင်နေထိုင်နေကြသော မြန်မာလူမျိုး ကုမ္ပဏီဝန်ထမ်းများနှင့်ကျောင်းသားများကို ပညာသင်အတွေ့အကြုံ များနှင့်ပတ်သက်၍ မေးမြန်းပြီး အခန်းဆက်အပိုင်းများအနေဖြင့် တင်ပြသွားမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကောင်းတဲ့အချက်တွေပဲ မဟုတ်၊နေထိုင်မှုဆိုင်ရာ ပြဿနာများနှင့် တွေ့ကြုံခက်ခဲခဲ့တဲ့ အကြောင်းအရာများကိုအင်တာဗျူးသွားမှာဖြစ်ပါတယ်။
အနာဂတ်မှာ ဂျပန်ကိုလာမယ့်တဲ့သူတွေအတွက် ဗဟုသုတဖြစ်စေကြောင်း ရည်ရွယ်ထားတဲ့အတွက်ကြောင့် နောက်ထပ် အင်တာဗျူးတွေကို ကြိုးစားပြီးတင်သွားပါမယ်။
မိတ်ဆက်
○ညီမလေး နာမည်ဘယ်လိုခေါ်ပါသလဲ။
 @ခိုင်လို့ခေါ်ပါတယ်။
○ပညာအရည်အချင်းနဲ့ အလုပ်အကိုင် ကိုပြောပြပေးလို့ရမလား။
@ 2004〜2008 Yangon University of Foreign Languages 
@ 2009〜2011 hakuho women university
@ 2011 〜2013 Nihon computer IT college 
@ Human Resources Company အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှာအလုပ်လုပ်နေပါတယ်။
○ဂျပန်ကိုဘယ်တုန်းကရောက်တာပါလဲ။
@ ၂၀၀၉ခုနှစ်၎လပိုင်းကပါ။
○ဂျပန်မလာခင်တုန်းက ဘယ်မှာသင်ယူခဲ့ပါသလဲ။
@ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်ဘာသာအဓိကနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
○ဂျပန်ကိုလာပြီးနောက်ကျောင်းသားဘဝကအခက်အခဲဖြစ်ရတဲ့ အကြောင်း၊အကျိုးရှိတယ်လို့ ထင်ခဲ့တဲ့အကြောင်းကို ပြောပြပေးပါ။
@ နံပါတ်တစ်အခက်ခဲဆုံးဖြစ်ခဲ့ရတာတော့ Kansai မှာသုံးနေတဲ့ ခန်းဆိုင်းဘာသာစကားကို နားမလည်ခဲ့တာပဲဖြစ်ပါတယ်။အဲဒိအပြင် ကျွန်မပညာတော်သင်အဖြစ်ဂျပန်ကိုရောက်လာတဲ့အချိန်မှာ ဂျပန်နိုင်ငံဟာစီးပွားရေးအခြေအနေသိပ်မကောင်းတဲ့အချိန်ဖြစ်ခဲ့တဲ့အတွက်ကြောင့် အချိန်ပိုင်းအလုပ်ရှာရတာခက်ခဲခဲ့ပါတယ်။ပညာသင်ခဲ့တဲ့နေရာကတော့ Nara မြို့မှာပါ။
အကျိုးရှိတယ်လို့ ထင်မိတာကတော့ မိခင်နိုင်ငံမှာမရနိုင်တဲ့ အတွေ့အကြုံ၊ပိုက်ဆံနဲ့ဝယ်မရနိုင်တဲ့ အတွေ့အကြုံများက ကျွန်မအတွက် ပညာရ တိုးတက်လာစေခဲ့တယ်လို့ ထင်ပါတယ်။ယဉ်ကျေးမှုကွဲပြားတဲ့အကြောင်းများကိုလည်းနားလည်သဘောပေါက်လာခဲ့ပါတယ်။
○ဂျပန်ကိုပညာသင်ဖို့လာတဲ့အခါမှာလိုအပ်တဲ့အချက်တွေကဘာတွေပါလဲ။
@ ကတိတည်ဖို့ရယ်၊အချိန်ကိုလေးစားဖို့ရယ်၊အပြုအမူထိန်းသိမ်းဖို့ရယ်ဖြစ်ပါတယ်။
မိမိရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို မိမိကိုယ်တိုင်သတ်မှတ်ပြီးလုံးဝ မမေ့ဖို့၊
စကားကိုအလွယ်မပြောဖို့၊
ပေါင်းသင်းဆက်ဆံရေးကို အလေးထားဖို့
ဖြစ်ပါတယ်။
○ဂျပန်မှာ ပညာသင်နေစဉ် အခက်တွေ့ရတဲ့ပြဿနာကဘာပါလဲ။
@ ဂျပန်တွေက စကားပြောတဲ့အခါ တဖက်သားကိုအားနာတတ်တဲ့အတွက်ကြောင့် ငြင်းမယ်ဆိုရင်လဲတိုက်ရိုက်မငြင်းပဲ သွယ်ဝိုက်ပြီးငြင်းတဲ့စကားကို နားမလည်ခဲ့လို့ အစပိုင်းက ဘာပြောလည်းမသိလို့အခက်တွေ့ခဲ့ပါတယ်
○ဂျပန်ကိုပညာတော်သင်အဖြစ်ရောက်လာပြီး အကျိုးရှိတယ်လို့ ထင်တာဘာပါလဲ။
@ မြန်မာနိုင်ငံမှာမရနိုင်တဲ့ အတွေ့အကြုံကို အများကြီး ရနိုင်လိုက်တာပဲဖြစ်ပါတယ်။
ပညာသင်ကြားမှု၊ဂျပန်လူနေမှုဘဝ မှာ အခက်အခဲတစ်စုံတစ်ရာ တွေ့ကြုံပေမယ့်လည်း မိမိကိုယ်တိုင်ဖြေရှင်း၍အတွေ့အကြုံရလာတာက ဘာနဲ့မှမလဲနိုင်တဲ့အရာဖြစ်ပါတယ်။
○အနာဂတ်အတွက် အိပ်မက်ကဘာပါလဲ။
@ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် 
တထောင့်တနေရာကနေအကျိုးပြုနိုင်တဲ့သူဖြစ်ချင်ပါတယ်။ 
                             【Interview by JAPAN LINK】

0コメント

  • 1000 / 1000